Subject: A Story of Padoh Thaw Thi Bwe in the Karen Revolution | ပေါ့ဒ်ကတ်စ် မိတ်ဆက်- ပဒိုသောသီဘွဲ၏ ကရင်တော်လှန်ရေးခရီးစဉ်

Podcast series (in Burmese)
Was this forwarded to you? Sign up here

Dear Friend,


The latest in a podcast series by the Transnational Institute analysing Myanmar’s conflict history and the evolution of politics (in Burmese). In this episode, we sit down with Padoh Thaw Thi Bwe, a veteran leader of the Karen National Union (KNU), whose journey in the Karen revolution spans nearly four decades.


Padoh Thaw Thi joined the Karen revolution in 1988 at the age of 28, beginning his service in the Secretary's Office of Doo Tha Htoo (Thaton) District. Recognized early for his dedication, leadership qualities and administrative skills, he was transferred to the General Secretary’s Office at the KNU Headquarters in Manerplaw, where he served as a Junior Clerk until 1991.


(မြန်မာဘာသာအတွက် အောက်မှာကြည့်ပါ။)


These commentaries are intended to contribute to a broader understanding of the many challenges facing the country and its peoples.

See the complete list of all the Myanmar commentaries.



A Story of Padoh Thaw Thi Bwe in the Karen Revolution

Podcast series


Padoh Thaw Thi Bwe  |Photo credit: TNI

Following the transfer of the head of the General Secretary’s Office, Padoh Thaw Thi was appointed as a Senior Officer, taking on greater responsibilities within the KNU's central administration. He continued in this role until the fall of Manerplaw in 1995, a pivotal moment in the history of the Karen resistance movement.


After the fall of Manerplaw, the KNU headquarters was relocated to Sa Khan Thay in Dooplaya District. Padoh Thaw Thi remained there, continuing his service to the organization for the next fifteen years. In 2010, he returned to the KNU Headquarters to work in the General Secretary’s Office, where he served under the leadership of the late Padoh Mahn Sha Lah Phan, one of the most respected figures in the Karen struggle.


Throughout his career, Padoh Thaw Thi has held a number of important leadership positions within the KNU. During the 13th KNU Congress, he was elected as a Standing Committee Member. At the 14th Congress, he became a permanent Central Committee Member. The 15th Congress saw him elected as Joint General Secretary-1, a key leadership position within the organization. Although he was not elected at the 16th Congress, he continued serving the KNU through the Taxation Office. At the current 17th KNU Congress, he was once again entrusted with leadership responsibilities and was elected as Joint General Secretary-1.


In this podcast, Padoh Thaw Thi Bwe reflects on his remarkable journey through the Karen revolution, sharing personal experiences from decades of service within the KNU. He also offers rare insights into his years working alongside the late Padoh Mahn Sha, discusses the challenges and achievements of the Karen movement, and shares his perspectives on the current political situation in Myanmar and the future of the country.


Join us for an insightful conversation with one of the Karen revolution's most experienced and dedicated leaders. The conversation, which is in Burmese, is divided into four episodes (around 1hr listening time):


Episode 1 – Introduction, Childhood, Early Revolutionist: Why are we being divided and manipulated?

Episode 2 – Democratic Karen Buddhist Army, Peace process, General Bo Mya's message

Episode 3 – Engagements with prominent KNU leaders and Padoh Mahn Sha Lah Phan

Episode 4 – Karen education and message for youth

(Podcast) ပေါ့ဒ်ကတ်စ် မိတ်ဆက်- ပဒိုသောသီဘွဲ၏ ကရင်တော်လှန်ရေးခရီးစဉ်


တောင်ယာလုပ်နေသော ပအိုဝ်းအမျိုးသမီး (TNI)


ယခုအပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဝါရင့်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကရင်တော်လှန်ရေးတွင် နှစ်ပေါင်း ၄၀ နီးပါး ပါဝင်ဖြတ်သန်းခဲ့သူ ပဒိုသောသီဘွဲနှင့် တွေ့ဆုံမေးမြန်းထားပါသည်။


ပဒိုသောသီဘွဲသည် ၁၉၈၈ ခုနှစ်၊ အသက် ၂၈ နှစ်အရွယ်တွင် သထုံခရိုင် (ဒူးသထူ)၊  တွဲဖက်အတွင်းရေးမှူးရုံး၌ စတင်တာဝန်ထမ်းဆောင်ရင်း ကရင်တော်လှန်ရေးထဲသို့ ဝင်ရောက်ခဲ့သည်။ သူ၏ ကြိုးပမ်းအားထုတ်မှု၊ ခေါင်းဆောင်မှုအရည်အသွေးနှင့် အုပ်ချုပ်ရေးစွမ်းရည်တို့ကြောင့် စောစီးစွာပင် အသိအမှတ်ပြုခံရကာ မာနယ်ပလောရှိ KNU ဗဟိုဌာနချုပ်၊ အထွေထွေအတွင်းရေးမှူးရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၉၁ ခုနှစ်အထိ အငယ်တန်းစာရေးအဖြစ် တာဝန်ယူခဲ့သည်။


အထွေထွေအတွင်းရေးမှူးရုံးအဖွဲ့မှူး ပြောင်းရွှေ့သွားပြီးနောက် ပဒိုသောသီဘွဲသည် အဆင့်မြင့်အရာရှိအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံရပြီး KNU ဗဟိုအုပ်ချုပ်ရေးတွင် ပိုမိုကြီးမားသော တာဝန်များကို ယူခဲ့ရသည်။ ကရင်တော်လှန်ရေးသမိုင်းတွင် အရေးပါသော အချိုးအကွေ့တစ်ခုဖြစ်သည့် ၁၉၉၅ ခုနှစ် မာနယ်ပလောကျဆုံးချိန်အထိ သူသည် ယင်းတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။


မာနယ်ပလောကျဆုံးပြီးနောက် KNU ဌာနချုပ်ကို ဒူးပလာယာခရိုင်၊ စခန်းသစ်သို့ ပြောင်းရွှေ့ခဲ့သည်။ ပဒိုသောသီဘွဲသည် ယင်းနေရာတွင် နောက်ထပ် ၁၅ နှစ်တိုင်တိုင် အဖွဲ့အစည်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် KNU ဗဟိုဌာနချုပ် အထွေထွေအတွင်းရေးမှူးရုံးသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ကရင်တော်လှန်ရေး၏ လေးစားဖွယ် ခေါင်းဆောင်များထဲမှတစ်ဦးဖြစ်သူ ကွယ်လွန်သူ ပဒိုမန်းရှာလားဖန်း၏ ဦးဆောင်မှုအောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။


ပဒိုသောသီဘွဲသည် သူ၏တော်လှန်ရေးသက်တမ်းတစ်လျှောက် KNU တွင် အရေးပါသော ခေါင်းဆောင်မှုရာထူးအသီးသီးကို ထမ်းဆောင်ခဲ့သည်။ (၁၃) ကြိမ်မြောက် KNU ကွန်ဂရက်တွင် အမြဲတမ်းကော်မတီဝင်အဖြစ် ရွေးချယ်ခံရပြီး၊ (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖြစ်လာခဲ့သည်။ (၁၅) ကြိမ်မြောက် ကွန်ဂရက်တွင် အဖွဲ့အစည်း၏ အဓိကခေါင်းဆောင်မှုရာထူးဖြစ်သော တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခံခဲ့ရသည်။ (၁၆) ကြိမ်မြောက် ကွန်ဂရက်တွင် ရွေးချယ်မခံရသော်လည်း ဘဏ္ဍာအခွန်ဌာနမှတစ်ဆင့် KNU တွင် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိ (၁၇) ကြိမ်မြောက် KNU ကွန်ဂရက်တွင်မူ ခေါင်းဆောင်မှုတာဝန်များကို ပြန်လည်လွှဲအပ်ခြင်းခံရပြီး တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် တကျော့ပြန် ရွေးချယ်ခံခဲ့ရသည်။


ယခုပေါ့ဒ်ကတ်စ်တွင် ပဒိုသောသီဘွဲသည် KNU တွင် ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည့် သူ၏ ကိုယ်တွေ့အတွေ့အကြုံများနှင့် ကရင်တော်လှန်ရေးခရီးစဉ်ကို ပြန်လည်မျှဝေထားသည်။ ထို့အပြင် ကွယ်လွန်သူ ပဒိုမန်းရှာနှင့်အတူ လုပ်ကိုင်ခဲ့သည့် နှစ်များအကြောင်း၊ ကြားရခဲသော အတွေ့အကြုံများ၊ ကရင်အမျိုးသားလှုပ်ရှားမှု၏ စိန်ခေါ်မှုများနှင့် အောင်မြင်မှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေနှင့် အနာဂတ်အပေါ် သူ၏ အမြင်များကိုပါ တန်ဖိုးရှိစွာ သုံးသပ်မျှဝေထားသည်။


ကရင်တော်လှန်ရေး၏ အတွေ့အကြုံအရင့်ဆုံးနှင့် ပေးဆပ်မှုအပြည့်အဝရှိသော ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူ၏ စိတ်ဝင်စားဖွယ် အသိအမြင်ပညာ ဆွေးနွေးချက်များကို နားဆင်နိုင်ပါပြီ။ ယခုတွေ့ဆုံမေးမြန်းမှုကို အပိုင်း ၄ ပိုင်း ခွဲခြားထားပြီး နားဆင်ချိန် ၁ နာရီခန့် ရှိပါသည်-



Powered by:
GetResponse