Subject: Burmese Newsletter: “၂၀၁၈ ခုနှစ် VFV ဥပဒေပြင်ဆင်ချက်၊တရုတ်ပိုးလမ်းမသစ် စီမံကိန်း နှင့် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး”

“၂၀၁၈ ခုနှစ် VFV ဥပဒေပြင်ဆင်ချက်၊တရုတ်ပိုးလမ်းမသစ် စီမံကိန်း နှင့် မြန်မာနိုင်ငံ၏ ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေး”င်ယာစိုက်ပျိုးရေး”

ချစ်ခင်ရသော စာဖတ်သူများခင်ဗျာ/ရှင်

လတ်တလော လွှတ်တော်မှ ပြင်ဆင်အတည်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေသည် မြန်မာနိုင်ငံအနှံ့ရှိ အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသများရှိ သန်း ပေါင်းများစွာသော ကျေးလက်နေလက်လုပ်လက်စားလူတန်းစားများအပေါ် ကျယ်ပြန့်နက်ရှိုင်းစွာ အထိနာစေသည့် လက်ငင်းထိခိုက်မှုများကို သက်ရောက်လာစေခဲ့သည်။ ထို့အပြင် အဆုံးစွန်အနေ ဖြင့် ဤဥပဒေသစ်သည် မြန်မာနိုင်ငံအတွက် အဓွန့်ရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအလားအ လာများကိုသာမက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ်တွင်လည်း ဆိုးဆိုးရွားရွား သက်ရောက်ထိခိုက်လာနိုင်သည့် အလားအလာရှိနေသည်။

ထိုအမြင်သဘောထားမျိုးဖြင့် ရွှေ့ပြောင်းတောင်ယာစနစ်ကို ဆိုးရွားလွန်းသဖြင့် အမြစ်ပြုတ်မြေလှန်ဖယ်ရှားရန် လိုအပ်သည့် ပြဿနာတစ် ရပ်ကဲ့သို့ ပုံဖော်လာခဲ့သည်။ အမြဲတမ်းလိုလို ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးစနစ်ကို သစ်တောပြုန်းတီးစေ သည့် အဓိကမောင်းနှင်အားတစ်ရပ်အဖြစ် ဝေဖန်ပြစ်တင်လေ့ရှိပြီး အစိုးရဌာနများက အမြဲတမ်းလိုလို အနားပေးစိုက်ကွက်များကို ‘စွန့်ပစ်မြေ’ သို့မဟုတ် ‘မြေဖျင်း’ဟု ခေါင်းစဉ်တပ်သိမ်းယူကာ အခြားသောမြေယာအသုံး ပြုမှုပုံစံများအတွက် လုပ်ပိုင်ခွင့်ပြန်လည်ချပေးလျက်ရှိသည်။ ဤကဲ့သို့သော အရေးယူဆောင်ရွက်ချက်များက ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးလျက်ရှိသည့် နယ်မြေဒေသအများအပြားကို ဆင်းရဲနွမ်းပါးမှု၊ ဆုံးရှုံးနစ်နာမှုနဲ့ ပဋိပက္ခများဆီသို့ ဦးတည်တွန်းပို့လျက်ရှိသည်။

လတ်တလောတွင် ဖော်ပြထားသေားသော အကြောင်းအရာများကို အောင်တွင်ဖော်ပြချက်များမှ ပိုမို သိရှိနိုင်ပါသည်။

    “ကျုပ်တို့အပေါ် စစ်ကြေညာခြင်း” - ၂၀၁၈ ခုနှစ် VFV ဥပ ဒေပြင်ဆင်ချက်နှင့် တိုင်းရင်းသားလူမျိုးများအပေါ် ရိုက် ခတ်မှုများ
    ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်၌ ထွန်ယက်စိုက်ပျိုးလျက်ရှိသည့် တောင်သူများ/ မူရင်းဓာတ်ပုံ Tom Kramer
    ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် မြေယာဆိုင်ရာ ရပိုင်ခွင့် လူ့အခွင့်အရေး လတ်တလော လွှတ်တော်မှ ပြင်ဆင်အတည်ပြုခဲ့သည့် ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေသည် မြန်မာနိုင်ငံအနှံ့ရှိ အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသများရှိ သန်း ပေါင်းများစွာသော ကျေးလက်နေလက်လုပ်လက်စားလူတန်းစားများအပေါ် ကျယ်ပြန့်နက်ရှိုင်းစွာ အထိနာစေသည့် လက်ငင်းထိခိုက်မှုများကို သက်ရောက်လာစေခဲ့သည်။ ?

    မြန်မာဘာသာရေးသာချက်ကို လင့်တွင်ဖတ်ပါ
    သီးနှံသစ်တောရောနှောစိုက်ပျိုးရေးစနစ်ကို ပြစ်မှုကြောင်းအရ အရေးမယူဘဲ ဖြေလျှော့ပေးခြင်း

    ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးသည် စိုက်ကွက်တစ်ခုကို နောက်တစ်ကြိမ်ပြန်လည်မစိုက်ပျိုးမီ သစ်တော သစ်ပင်များ ပြန်လည်ပေါက်ရောက်ရှင်သန်နိုင်မည့် ကာလအပိုင်းအခြားတစ်ခုအထိ အနားပေးသည့်စနစ်မျိုးဖြင့် ရာသီအလိုက်သီးနှံများကို ရောနှောစိုက်ပျိုးသည့် သီးနှံ-သစ်တောရောနှောစိုက်ပျိုးမှု ပုံစံတစ်မျိုးဖြစ်သည်။ ရွှေ့ပြောင်းတောင်ယာက ဘာကြောင့်ဒီလောက်ထိ ၀ိရောဓိဖြစ်နေရသလဲ။ မတူကွဲပြားတဲ့ အကျိုးပတ်သက်ပါ ၀င်သူတွေရဲ့ အမြင်သဘောထားတွေ ဘာကြောင့်ဒီလောက်ထိ ကွဲလွဲနေကြသလဲ။ တစ်ဖက်က လေးလေးစား စားတန်ဖိုးထားကျင့်သုံးနေတဲ့ ရိုးရာဓလေ့တစ်ခုဖြစ်နေပေမယ့် အခြားတစ်ဖက်ကတော့ ရာဇ၀တ်မှုကျူးလွန်တဲ့ ပြစ်မှုတစ်ခုလိုဘဲ သဘောထားနေကြတာ ဘာကြောင့်လဲ။

    မြန်မာဘာသာရေးသာချက်ကို လင့်တွင်ဖတ်ပါ

    ကချင်တိုင်းရင်းသားများ သတိထားရမည့် တရုတ်ပိုးလမ်းမသစ် စီမံကိန်း

    BRI မှာ “ဒေသတွင်းချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်နှင့် ပိုမိုတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်စေရန်” ဟု တရုတ်အစိုးရက ပြောသော်လည်း တရုတ်အစိုးရ၏ ကမ္ဘာကြီးအပေါ် လက်ဝါးကြီးအုပ်လိုမှုကို မပေါ်ရုံတမယ် ဖုံးထားသော ကိုလိုနီလက်သစ်ဝါဒ ဟု မြင်သူများလည်း ရှိသည်။ မူလအမည် One Belt, One Road စီမံကိန်းမှ One ကို ဖြုတ်ပြီး Belt and Road Initiative, BRI အဖြစ် အမည်ပြောင်းလိုက်ခြင်းကိုက ဤစီမံကိန်းကို အဆိုးမြင်မှုများ လျော့ပါးသွားအောင် ကြိုးစားမှုတစ်ခုဟု မြင်ကြသည်။

    သုံးသပ်ချက်ကို လင့်ခ်တွင်ဖတ်ပါ။

    Transnational Institute (TNI) သည် ရေရှည်တည်တံ့ခိုင်မြဲ၍ တရားမျှတသည့် ဒီမိုကရေစီထုံးနည်းစံကျဖြစ်သော မြေကမ္ဘာကို တည်ဆောက်ရန် သံဓိဋ္ဌာန်ချထားသည့် နိုင်ငံတကာသုတေသနနှင့် မူဝါဒပြောင်းလဲရေး စည်းရုံးလှုပ်ရှားမှုများကို ဖော်ဆောင်လျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နှစ်ပေါင်းလေးဆယ်ကျော်ကာ လတစ်လျှောက် TNI သည် လူထုလှုပ်ရှားမှုများအကြား သီးခြားဆက်ကြောင်းတစ်ခုအဖြစ် ပေါင်းကူးပေးလျက်ရှိပြီး ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသည်။

     
    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter or YouTube.