Subject: လီလီ | Li Li

ပေါ့ဒ်ကတ်စ် အစီအစဉ်များ (မြန်မာဘာသာဖြင့်) | Podcast series (in Burmese)
Was this forwarded to you? Sign up here

မင်္ဂလာပါ၊ Friend,


Transnational Institute မှ မြန်မာနိုင်ငံ၏ ပဋိပက္ခသမိုင်းနှင့် နိုင်ငံရေးဖြစ်စဉ်များကို (မြန်မာဘာသာဖြင့်) ဆန်းစစ်တင်ဆက်ထားသည့် ပေါ့ဒ်ကတ်စ် (Podcast) အစီအစဉ်၏ နောက်ဆုံးထွက်အပိုင်း ဖြစ်ပါသည်။ ဤအပတ်တွင် တောင်ပိုင်းရှမ်းပြည်နယ်၊ ပအိုဝ်းဒေသ၊ လွိုင်လင်မြို့နယ်တွင် ကြီးပြင်းလာခဲ့သူ လီလီနှင့် တွေ့ဆုံမေးမြန်းထားပါသည်။


(For English see below)


 
 


လီလီ

ပေါ့ဒ်ကတ်စ် အစီအစဉ်များ


လီလီသည် လက်ရှိတွင် PYO (ပအိုဝ်းလူငယ်အစည်းအရုံး) ၏ စွမ်းရည်မြှင့်တင်ရေး တာဝန်ခံတဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်။ မီဒီယာပိုင်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများကိုလည်း တာဝန်ယူဆောင်ရွက်နေပြီး PYO ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်ပါသည်။ သူမ၏ မူလဦးတည်ချက်မှာ ကျောင်းပြင်ပ ပညာရေးကို ဆည်းပူးရန်ဖြစ်ပြီး၊ ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းနှင့် ဒေသခံလူငယ်များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။ ပအိုဝ်းဒေသသည် ဝေးလံခေါင်ဖျားသဖြင့် လူ့အခွင့်အရေး သင်တန်းများ၊ ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများ၊ အမျိုးသမီးအခွင့်အရေး ပရိုဂရမ်များ သို့မဟုတ် မိမိကိုယ်ကို ဖော်ထုတ်လေ့လာနိုင်မည့် အခွင့်အလမ်းများကို ရရှိရန် အလွန်ပင် ခက်ခဲခဲ့ပါသည်။ PYO တွင် လုပ်ကိုင်ခြင်းဖြင့် သူမကဲ့သို့ ဝေးလံခေါင်ဖျားသော ဒေသများမှ လူငယ်များ ပါဝင်လှုပ်ရှားလာနိုင်ရန် အခွင့်အလမ်း ရရှိစေခဲ့ပါသည်။ လီလီသည် ၂၀၂၁ ခုနှစ် စစ်ကောင်စီ၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ကာ ထိုင်းနိုင်ငံမှနေ၍ PYO တွင် သူမ၏ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက် ရှိပါသည်။


၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ ကျောင်းသားများနှင့် လူငယ်များ ကွန်ဂရက် (SYCB) ၏ (၁၁) ကြိမ်မြောက် ညီလာခံ၌ လီလီသည် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။ SYCB သည် တိုင်းရင်းသား ကျောင်းသားနှင့် လူငယ် အဖွဲ့အစည်း (၁၂) ခုဖြင့် ဖွဲ့စည်းထားသော မဟာမိတ်အဖွဲ့အစည်း ဖြစ်ပါသည်။ SYCB သည် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတွင် ကျောင်းသားများနှင့် လူငယ်များ အခန်းကဏ္ဍမှ ပိုမိုပါဝင်လာစေရန် မျှော်မှန်းထားပါသည်။ ၎င်း၏ အဓိက ရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အမျိူးမျိူး အပြီးတိုင် ချုပ်ငြိမ်းရေး၊ အမျိူးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး၊ နှင့် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့်နှင့် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍများတွင် စွမ်းဆောင်ရည် ရှိလာစေရန် လူမျိုးစုံ ကျောင်းသားနှင့် လူငယ်အင်အားစုများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်တို့ ဖြစ်ပါသည်။


ဤပေါ့ဒ်ကတ်စ် အစီအစဉ်တွင် သူမ၏ ငယ်ဘဝအကြောင်း၊ ပအိုဝ်းဒေသရှိ လူငယ်များ၏ အခြေအနေနှင့် နိုင်ငံနှင့်အဝှမ်း ကြုံတွေ့နေရသော စစ်မှုထမ်းဥပဒေ၏ သက်ရောက်မှုများကို ဆွေးနွေးထားပါသည်။ ထို့အပြင် ဘိန်းစိုက်ပျိုးသူများ၏ ဘဝနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများ၏ အခြေအနေများကိုလည်း ပြောပြထားပါသည်။ မြေယာသိမ်းဆည်းမှုများနှင့် ပအိုဝ်း ခရိုနီ (Cronies) ၏ အခန်းကဏ္ဍတို့ကိုလည်း ဆွေးနွေးထားပါသည်။


ကတိကဝတ်ပြည့်ဝပြီး အတွေ့အကြုံရှိသော လူငယ်ခေါင်းဆောင်တစ်ဦးနှင့် ပြုလုပ်သည့် ဤရင်ခုန်စရာကောင်းသော ဆွေးနွေးခန်းသို့ နားဆင်ရန် ဖိတ်ခေါ်အပ်ပါသည်။ မြန်မာဘာသာဖြင့် တင်ဆက်ထားသော ဤဆွေးနွေးခန်းကို အပိုင်း (၄) ပိုင်း ခွဲခြားထားပါသည် (စုစုပေါင်း နားဆင်ချိန် ၁ နာရီခန့်)

 
 

Li Li

Podcast series


The latest in a podcast series by the Transnational Institute analysing Myanmar’s conflict history and the evolution of politics (in Burmese). For this series, we sat down with Li Li who grew up in Loilem Township, in the Pa-O region in southern Shan State. 


Li Li is currently the Capacity Building officer of the Pa-O Youth Organisation which she joined in 2017. She is also responsible for media affairs and is an active member of the PYO Central Executive Committee. Her first goal was to pursue informal education while contributing to the Pa-O cause by documenting human rights violations and connecting with young people. Since the Pa-O region is remote, however, accessing human rights training, leadership development, women’s rights programmes and opportunities for self-exploration proved nearly impossible. Working with the PYO, in the meantime, allowed youths from remote areas such as Li Li to become involved. Subsequently, she joined the non-violent protest movement against the 2021 military coup by the State Administration Council, and later moved to Thailand from where she continues her work with the PYO. 


In November 2025, Li Li was elected General Secretary of the Students and Youth Congress of Burma (SYCB) at its 11th Conference. The SYCB is an umbrella movement of 12 ethnic student and youth organisations. The SYCB would like students and youth In its networking to play a greater role in the building of a federal democracy. Its main aim is to eradicate all forms of dictatorship; establish a federal democratic union founded upon the recognition and self-determination of all peoples; and to strengthen the capacity of multi-ethnic student and youth forces to exercise their right to decision-making and political leadership. 

In this podcast series, Li Li discusses her childhood among other issues, the situation of youth in the Pa-O region, and the impact of the compulsory military service on young people. She also talks about the lives of opium farmers and drug users, land confiscation, and the role of Pa-O cronies who collaborate with the military regime. 


Join us for an insightful conversation with a dedicated and experienced youth leader. The conversation, which is in Burmese, is divided into four episodes (around 1hr listening time):


Episode (1) Introduction: childhood: the lives of opium farmer's: youth and education: and the Pa-O National Organisation/Army (PNO/PNA).

Episode (2) The health of local people: and the lives of drug users.

Episode (3) The secret that everyone knows: extortion: and compulsory military service: the fading of traditional festivals

Episode (4) The hardship faced by local residents: land confiscation: Pa-O cronies: and the impacts of the big projects

 
 

Powered by:
GetResponse