Subject: "လူ့ပိုင်ခွင့်၊ လူ့သိက္ခာ၊ ဒီမိုကရေစီနှင့် တရားမျှတမှု တန်ဖိုးများကို အလေးမထားပါက ကျွန်ုပ်တို့ကို ပိုမို၍ အထိနာစေတော့မည်။” - ပူးတွဲမေတ္တာရပ်ခံတောင်းဆိုချက်

"လူ့ပိုင်ခွင့်၊ လူ့သိက္ခာ၊ ဒီမိုကရေစီနှင့် တရားမျှတမှု တန်ဖိုးများကို အလေးမထားပါက ကျွန်ုပ်တို့ကို ပိုမို၍ အထိနာစေတော့မည်။” - ပူးတွဲမေတ္တာရပ်ခံတောင်းဆိုချက်
"လူ့ပိုင်ခွင့်၊ လူ့သိက္ခာ၊ ဒီမိုကရေစီနှင့် တရားမျှတမှု တန်ဖိုးများကို အလေးမထားပါက ကျွန်ုပ်တို့ကို ပိုမို၍ အထိနာစေတော့မည်။”
မြန်မာနိုင်ငံ အရပ်ဘက်ြ ပည်သူ့ အဖွဲ့ အစည်းများ၏ သဘောထားထုတ်ပြန်ချက်များ

 
လက်ရှိ COVID-19 ကပ်ရောဂါမှ နိုင်ငံနှင့် ဒေသနယ်နမိတ်များသည် ကာကွယ်ပေးနိုင်မှု အလွန် နည်းပါးသည်ကို တွေ့ရှိရပါလိမ့်မည်။ ၎င်းမှာ မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံတွင် ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့သောနေရာဖြစ်သည့် ဝူဟန်မြို့နှင့် မိုင်ပေါင်း ၂၃၉၀ ကီလိုမီတာဝေးသည်ကို အကာ အကွယ်တစ်ခုအနေနှင့်ယူဆဟန်ရှိခဲ့သည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။

Photo credit: LoggaWiggler at Pixabay

မြန်မာအာဏာပိုင်များအနေဖြင့် အိမ်နီးခြင်းတရုတ်နိုင်ငံတွင် ကပ်ရောဂါစတင်ပြန့်ပွားနေစဉ်ကပင် အံ့ဩမင်သက်စွာဖြင့် ဆိုးရွားလှသည့် အကျိုးဆက်ကို ကြည့်နေခဲ့ပြီး ပြင်ဆင်မှု ပြုလုပ်ရန် သတိ မမူမိခဲ့ပါ။ လွန်ခဲ့သော သုံးလခန့်အတွင်းတွင် ၎င်း၏ နယ်နမိတ်အတွင်း COVID-19 ကူးစက်သူ မရှိဟူ၍သာ ကြေငြာခဲ့သည်။ နှစ်ကာလများစွာ ထောက်ပံ့မှုနည်းပါးခြင်း၊ လျစ်လျူရှုခံထားရခြင်း နှင့် ပြည်တွင်းစစ်ဆိုးများကြောင့် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ် သည် နိုင်ငံတကာနှင့် ယှဉ်လျင် အနှိမ့်ဆုံးအဆင့် သတ်မှတ်ခံထားရပါသည်။ အကျိုးသက်ရောက်မှု အလွန်ကြီးမားကာ အထူးတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်သော လက်ရှိအကြပ်အတည်းသည် မြန်မာနိုင်ငံအနေဖြင့် ကြုံတွေ့ရသော အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်နိုင်ပါသည်။ လွဲမှားစွာဆောင်ရွက်မိပါက လူအသက်ပေါင်းများစွာနှင့် လူမှုအဝန်းအဝိုင်း အမှီသဟဲတည်ဆောက်ပုံအပါအဝင် ပို၍ ကြီးမားသော စီးပွားရေးနှင့် နိုင်ငံရေးအကျိုးဆက်များဖြစ်ပေါ်ကာ ပေးဆပ်မှု အလွန်ကြီးမား ပါလိမ့်မည်။

အစိုးရအနေဖြင့် ကပ်ရောဂါအခြေအနေကို တုံ့ပြန်ဆောင်ရွက်ရာတွင် အလွန်ထိခိုက်လွယ်သော အခြေအနေများအောက်တွင် နေထိုင်နေရသော ရာထောင်ချီသောလူများကို ထပ်မံ၍ ဖယ်ထုတ်ခြင်း မပြုမိရန်အထူးဂရုပြုရပါလိမ့်မည်။ ၎င်းတို့မှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ၊ နိုင်ငံမဲ့သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ရသူများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများ၊ မသန်စွမ်းများ၊ သက်ကြီးရွယ်အို စသည်တို့ အပါအဝင်ဖြစ်သည်။ ယခုအချိန်အထိ မြင်တွေ့ရသည်မှာ အားရစရာကောင်းမနေပါ။

နိုင်ငံတော်အနေဖြင့်ကပ်ရောဂါအားရင်ဆိုင်ရန် ပြင်ဆင်မှုများအတွက်သာ အာရုံစိုက်ကာ ကြိုးပမ်း အားထုတ်ရမည့်အစား တိုင်းရင်းသားဒေသများတွင် စစ်ဘောင်ချဲ့ခြင်း ဆက်လက်ဖြစ်ပေါ် နေပါသည်။ အထူးသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်များတွင် အစိုးရစစ်တပ်နှင့် ရက္ခိုင့်တပ်မတော် နှစ်ဘက်အပြင်းအထန်တိုက်ပွဲ ဖြစ်နေကာ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် လူအမြောက်အမြားသည်လည်း စစ်ပွဲကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။ နေရပ်စွန့်ခွာထွက်ပြေးလာရသောသူများသည် အနီးအနားမြို့များတွင် ယာယီတဲများထိုးကာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းမှ ကာကွယ်နိုင်ခြင်းမရှိသည့် အခြေအနေများ အောက်တွင် နေထိုင်နေရပါသည်။

ထို့ကြောင့် နဂိုကပင်ရှိနေသောအကြပ်အတည်းများအပေါ်တွင် ထပ်ဆင့် အကြပ်အတည်း အသစ်ကြုံနေရသောအချိန်တွင် မြန်မာနိုင်ငံရှိအရပ်ဘက်ပြည်သူ့အဖွဲ့အစည်းများမှ အတူတကွ စုစည်းကာ ရှေ့ကာလအတွက် ရည်ရွယ်ကာ သဘောထားရပ်တည်ချက် နှစ်စောင် ထုတ်ပြန် ခဲ့ပါသည်။ ပထမ ထုတ်ပြန်ချက်အား ၂၈ မတ်လ ၂၀၂၀တွင် ထုတ်ပြန်ကာ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၅၁ဖွဲ့မှ ပါဝင်၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် အရေးပေါ်အခြေအနေ တုံ့ပြန်ရာတွင် လူ့ပိုင်ခွင့်၊ လူ့ဂုဏ်သိက္ခာ၊ ဒီမိုကရေစီနှင့် တရားမျှတမှု စသည့် တန်ဖိုးထားမှုများ အပေါ်အခြေခံရန် တောင်းဆိုထားပါသည်။ ဒုတိယထုတ်ပြန်ချက်အား ၃၀ မတ်လ ၂၀၂၀တွင် ထုတ်ပြန်ကာ အာဆီယံနိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၂၃ ဖွဲ့ ပါဝင်ကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ စစ်ပွဲများအားလုံး အပစ်အခတ်ရပ်စဲကြပါရန် တိုက်တွန်းချက် အပေါ်လိုက်နာဆောင်ရွက်ကြပါရန်နှင့်    ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် “ပညာသတိရှိသော ခြေလှမ်းဖြစ်ရုံသာမက ကျင့်ဝတ်သီလအရ လိုအပ်”ပြီး ကပ်ရောဂါအကြပ်အတည်းကို တုံ့ပြန်ရာတွင် လူသားလုံခြုံရေး နှင့် လူမှုရေးတရား မျှတမှုကို အဓိကထားရမည်ဟု တောင်းဆိုထား ပါသည်။

TNI အနေဖြင့် ယခုအကြပ်အတည်းကာလတွင် စစ်မှန်သော လူမှုရေးတရားမျှတမှုအတွက် တွန်းတိုက်လှုံ့ဆော်နေသော မြန်မာနိုင်ငံရှိအရပ်ဘက်အဖွဲ့အစည်းများနှင့် အတူရပ်တည်နေပါသည်။ လူမှုရေးတရားမျှတမှုသည်သာလျင် နောက်ထပ်ဘေးအန္တရာယ်ဆိုးများ နှင့် ကပ်ရောဂါများ ထပ်ခါတလဲဖြစ်ပွားခြင်းမှ ကာကွယ်ရန် ရေရှည်အတွက် ထိရောက်သော ကာကွယ်ဆေး ဖြစ်နိုင်သည်ဟု ယုံကြည်ပါသည်။ ထိုမှသာ COVID-19 အလွန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ပို၍ ကောင်းမွန်သော လမ်းကြောင်းဖော်ဆောင်ကာ လျှောက်လှမ်းနိုင်မည်ဖြစ်သည်။

 

    ပူးတွဲမေတ္တာရပ်ခံတောင်းဆိုချက်: ပြည်သူလူထု၏ ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအတွက် COVID-19 ကူးစက်ရောဂါမှ ကာကွယ်စောင့်ရှောက်ခြင်း
    မြန်မာနိုင်ငံ အကျဉ်းထောင်နှင့် အချုပ်ခန်းများအတွင်း ကပ်ရောဂါပြန့်ပွားမှု ကြိုတင်တားဆီးရေးစီမံဆောင်ရွက်ချက်များကို အရှိန်မြှင့်ဖော်ဆောင်ရန် အရေးတကြီး လိုအပ်လာခြင်း။

     
    ကမ္ဘာအနှံ့တွင် COVID-19 ရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၇၀,၀၀၀ ကျော်ရှိလာခဲ့ပြီဖြစ်သောကြောင့် မြန်မာအာဏာပိုင်များအနေဖြင့်လည်း အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ့လာပါက ရင်ဆိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်။ ၂၀၂၀ခုနှစ် ဧပြီလ ၆ ရက် နေ့အထိ ရောဂါပိုးစမ်းသပ်တွေ့ရှိသူ (၂၁) ယောက်သာရှိသဖြင့် ပြည်တွင်း၌ အတည်ပြုရောဂါပိုးကူးစက်ခံရသူဦးရေ နည်းပါးနေဆဲဖြစ်သော်လည်း အခြားအရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကူးစက်ခံရသူများမှာ ထောင်ဂဏန်းအထိ ရှိလာပြီဖြစ်သည်။

    Photo credit: Tom Kramer (TNI)

    ထိန်းသိမ်းချုပ်နှောင်ခံရသည့် အခြေအနေမျိုးတွင် ကူးစက်ရောဂါများ ဖြစ်နိုင်ခြေရှိသော အန္တရာယ်မှာ အလွန်ပင်ကြီးမားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အကျဉ်းသားများသည် သာမန်ပြည်သူများနှင့် နှိုင်းစာလျှင် တီဘီရောဂါပိုး ကူးစက်ခံရနိုင်ခြေ အဆတစ်ရာ ပိုမိုမြင့်မားသည့်အပြင် အာဟာရချို့တဲ့မှု၊ အိပ်ခ်ျအိုင်ဗီ (HIV) နှင့် အသည်းရောင်အသားဝါရောဂါများ၏ ဒဏ်ကိုပါ အချိုးမမျှမတ ခံစားနေကြရသည်ဟု သုံးသပ်ထားသည်။ လတ်တလော အလျင်အမြန် ကူးစက်ပျံ့နှံ့နေသည့် COVID-19 ကြောင့် အကျဉ်းထောင်နှင့် အချုပ်စခန်းများတွင် ရုတ်တရက် ကပ်ရောဂါပိုးပြန့်ပွားလာနိုင်ခြေရှိပြီး စိုးရိမ်ဖွယ် ကျန်းမာရေးအန္တရာယ်များ ပေါ်ပေါက်လာနိုင်ကြောင်းကိုလည်း WHO မှ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရများအား သတိပေးခဲ့သည်။ ထိုအကြံပြုချက်များသည် မြန်မာနိုင်ငံအတွက်လည်း အထူးတလည် သက်ဆိုင်မှုရှိသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသည် ၄င်းတို့၏ အမြင့်ဆုံးဝင်ဆန့်နိုင်အားထက် ပျမ်းမျှခြင်းအားဖြင့် ၁၄၀ ရာခိုင်နှုန်း ကျော် လက်ခံထားရသည့်အတွက် ထောင်တွင်း လူဦးရေ သိပ်သည်းပြည့်လျှံမှုကို ဆိုးရွားစွာကြုံတွေ့နေရခြင်းကြောင့် ဖြစ်သည်။

    မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်း COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားလာနိုင်သည့် အလားအလာသည် ထောင်ပေါင်းများစွာသော အကျဉ်းသားများ၊ အကျဉ်းထောင်ဝန်ထမ်းများနှင့် သက်ဆိုင်ရာမိသားစုပေါင်းများစွာကို တိုက်ရိုက်ခြိမ်းခြောက်မှုများ ရှိလာနိုင်သည်။ ထို့အပြင် အနီးပတ်ဝန်းကျင်ရပ်ရွာများသို့ပါ လျှံထွက်ကူးစက်မှုများ ဖြစ် ပေါ်လာနိုင်သည်။ အကျဉ်းသားများအကြား ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားလာသည်နှင့်အမျှ အကျဉ်းထောင်များအတွင်း တင်းမာမှုများ၊ မငြိမ်မသက်ဖြစ်မှုနှင့် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုများဆီသို့ အလျင်အမြန် ဦးတည်သွားနိုင်သည်။

    ယခုလအစောပိုင်း၌ အီတလီ၊ ကိုလံဘီယာနှင့် အိန္ဒိယနိုင်ငံ အကျဉ်းထောင်များအတွင်း COVID-19 ကူးစက်ခံရ မည်ကို စိုးရိမ်ကြောက်လန့်မှု ကြီးထွားလာခြင်းကြောင့် ထောင်တွင်းဆူပူအုံကြွမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ဒါဇင်ပေါင်းများစွာသော သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် ထွက်ပြေးလွတ်မြောက်မှုများ ပေါ်ပေါက်လာခဲ့ သည်။ အကျဉ်းထောင်လူဦးရေပြည့်ကျပ်ပေါက်ကွဲမှုကို လျှော့ချရန်နှင့် အချုပ်စခန်းများအတွင်း COVID-19 ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန် ရည်ရွယ်သော မကြုံစဖူးထူးကဲသည့် အရွေ့တစ်ခုအဖြစ် သြစတြေးလျ၊ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ အိုင်ယာလန်၊ အီရန်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား နိုင်ငံများက ပြည်သူလူထု လုံခြုံရေးအတွက် အန္တရာယ်အနည်းဆုံးဖြစ်စေရန် ရည်ရွယ်၍ အကျဉ်းသားဦးရေ အမြောက်အများကို ပြစ်ဒဏ်မစေ့မီ ကြိုတင်လွှတ်ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြသည်။ြ

    မြန်မာနိုင်ငံ အကျဉ်းဦးစီးအာဏာပိုင်များသည်လည်း ထောင်ဝင်စာလာတွေ့သူများအတွက် လက်ဆေးဆပ်ပြာ နှင့် ဘေစင်များထားရှိပေးခြင်းစသည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စတင် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကိရိယာများကိုလည်း ဝယ်ယူနေပြီဖြစ်သည်။ ဤကဲ့သို့သော အပြုသဘောဆောင်သည့် လုပ်ငန်းများနှင့်တစ်ပြိုင်နက်တွင် မြန်မာနိုင်ငံအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တာဝန်ရှိအာဏာပိုင်များအနေဖြင့် နိုင်ငံတွင်းရှိ အချုပ်ထောင်များ၌ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်နှင့် လျှော့ချနိုင်ရန် ပိုမိုကျယ်ပြန့်ပြည့်စုံသည့် အစီအစဉ်တစ်ရပ် ရေးဆွဲဖော်ဆောင်သွားရန် အရေးတကြီးလိုအပ်လာပြီဖြစ်သည်။ ဤနေရာ၌ အကျဉ်း ထောင်များသာမက ရဲဘက်စခန်းများ၊ ရဲအချုပ်များ၊ လူငယ်ပြုပြင်ထိန်းသိမ်းရေးစခန်းများ၊ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းများအပါအဝင် ပဋိပက္ခဒဏ်သင့် နယ်မြေ ဒေသများရှိ အလားတူစခန်းများပါ အကျုံးဝင်ကြောင်းကိုလည်း ရည်ညွှန်းအပ်ပါသည်။

    ယခုလအစောပိုင်း၌ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိသည့် အကျဉ်းသားများကို တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်ငြိမ်းချမ်းသာခွင်ြ့ပုရန် မေတ္တာရပ်ခံတောင်းဆိုခဲ့ပါသည်။ ယခုပူးတွဲမေတ္တာရပ်ခံချက်၌ လက်မှတ်ရေးထိုးကြသောအဖွဲ့များအနေဖြင့် AAPP၏ တောင်းဆိုချက်ကို သဘောတူထောက်ခံပါသည်။ အဓိကအကြံပြုချက်များနှင့် ဦးစားပေးဆောင်ရွက်သင့်သော လုပ်ငန်းများကို အောက်တွင် ဆက်လက်အဆို ပြုထားပါသည်။ သို့သော်လည်း ယင်းအချက်များမှာ အကျဉ်းထောင်အတွင်း ရောဂါပိုးကူးစက်ပြန့်ပွားခြင်းကို တားဆီးရန် လုံးဝပြီးပြည့်စုံသည်ဟု မဆိုလိုပါ။

     

    Transnational Instituteputting ideas into movement since 1974

    Follow us on Facebook, Twitter, YouTube and Instagram.